။ နံနက်ခင်းချိန်သြဝါဒ (ကထာ) ။

။ အများအကျိုးကို ရည်မှန်းရင် ကရုဏာမပျက်နှင့်။။ ကိုယ်ကျိုးမပါအောင် ဆောင်ရွက်ပါ။။ အေးချမ်းခြင်းကို လိုချင်ရင် ဘဝနှင့်ရင်းပါ။။ မိမိကိုယ်ကို မမေ့ခြင်းဖြင့် နေပါ။။ သူတစ်ပါးကောင်းစားမှုကို ဝမ်းမြောက်ပါ။။ မနာလိုမှု၊ ဝန်တိုမှု မဖြစ်နှင့်။။ သူတစ်ပါးကို ကန့်သတ်ခြင်းမပြုသော ဆောင်ရွက်ချက်ကို လုပ်ပါ။။ အများအကျိုးကို မျက်နှာဖုံး မလုပ်ပါနှင့်။။ အသိဉာဏ်တရားဖြင့် ဦးတည်ချက် မှန်ပါစေ။။ ဝဋ်ချမ်းသာခြင်းသို့ ဦးမတည်ပါနှင့်။။ မိမိမရှိဂုဏ်ကို ဟန်မဆောင်ဘဲ မိမိအပြစ်ကိုလည်း ဟန်ဆောင်မှု ကင်းပါစေ။။ အလုပ်မှဖြစ်ပေါ်လာသော လာဘ်၊ အများချီးကျူးမှု၊ ထင်ပေါ်ကျော်ကြားမှု၊ သမိုင်းတင်ခံမှုအပေါ် ငဲ့ကွက်မှု မဖြစ်ပါနှင့်။။ သတ္တိ အမြဲတမ်း ပြည့်ပါစေ။ တောင်ကလေးဆရာတော်၂၁-၀၉-၂၀၁၈ ရက်နေ့။